ဆားပုလင်း မင်းမောင် နှင့် အရပ်ကူပါ လူဝိုင်းပါ
ဖင်ခံရမည့် အမှုလော
တစ်နေ့သ၌ ကျွန်ုပ်သည် အင်းစိန်စီအိုင်ဒီရှိ ရုံးခန်း၌ တစ်လအတွင်း ရာဇ၀တ်မှုခင်း ဖြစ်ပွားသည့် အချက်အလက်များကို မှတ်တမ်းပြုလုပ်ထားသည့် Monthly Criminal Report ဆိုသည့် အစီရင်ခံစာ စာအုပ်ကြီးကို အယောင်ပြဖွင့်ကာ စားပွဲအောက်ခြေတွင် အနောက်နိုင်ငံကလာသည့် ပလေးဘွိုင်းဆိုသည့် မဂ္ဂဇင်းစာအုပ်ကို ဖွင့်ကာဖတ်နေလေ၏။ အမှန်ဆိုရင် ကျွန်ုပ်သည်အစီရင်ခံစာကို ဒီလမကုန်ခင် ပေးရမည်ဖြစ်သော်လဲ အခုလအတွင်းဖြစ်ပွားသည့် အမှုကြီးတွေက သိပ်မရှိသဖြင့် လကုန်ခါနီး ဖြစ်သည့်တိုင်အောင် ဘာမှမပြင်ဆင်သေးပဲ အပျင်းထူကာ နေမိသည်ကလဲ ပါသည်။ ထို့အပြင် လက်ထဲရှိ ပလေးဘွိုင်းစာအုပ်ကလဲ ကျွန်ုပ်၏ အပေါင်းအဖော် ကိုကိုကြီးဆီမှ ခဏတာမျှ ငှားထားသော စာအုပ်ဖြစ်သဖြင့် လောလောလတ်လတ် အင်းစိန်စီအိုင်ဒီတွင် လူရှင်းနေတုန်း ကြိုးစားကာ ဖတ်နေခြင်း ဖြစ်၏။
အမှန်ဆိုရင် ကျွန်ုပ်သည် ဒီလိုမျိုးဓါတ်ပုံစာအုပ်ကို ကြည့်ရတာကို ၀ါသနာပါသည်မဟုတ်။ ကျွန်ုပ်တို့ အိုင်ပီအလုပ်များက အများသူငှာသိကြသည့်အတိုင်း ဘိန်းခန်း၊ အနှိပ်ခန်း၊ ဇိမ်ခန်းအစရှိသည့် မကောင်းမှုမျိုးစုံတို့ သန္ဒေတည်ရာနေရာများနှင့် မကင်းသည်မို့ စိတ်ထဲကဆာလာလျှင်သော်လည်းကောင်း၊ အောက်ကဒုတ်က မာလာသည်လျှင်သော်လည်းကောင်း အဆိုပါ မကောင်းသည့် နေရာများသို့ပြေးမိသည်က များသည်သာ။ (ချွင်းချက် .. အိမ်က မိန်းမနှင့် စိတ်ကောက်နေချိန်တွင်သာ)
သို့ရာတွင် အခုတော့ ကျွန်ုပ်၏ မိတ်ဆွေကြီးဖြစ်သူ ကိုကိုကြီးက ဘာကရှာလာမှန်းမသိသည့် မျက်နှာဖြူမ ဖွေးဖွေးလေးတွေ၏ မလုံ့တလုံ ကော့လန်ကားနေသည့် ပုံများက အသစ်အဆန်းလိုဖြစ်နေရာ ကိုင်မိသည်နှင့် လက်က မချနိုင်တော့ပဲ ဓါတ်ပုံထဲက မျက်နှာဖြူမတွေကို ချချင်စိတ်က အစားထိုးကာ ၀င်ရောက်လာလေ၏။ ဘီကီနီနှင့် တမျိုး၊ Lingerie နှင့်တဖုံ ပက်ပက်စက်စက် ပုံစံပေးနေကြသည်ကို မစားရ၀မခန်းကြည့်မိကာ ကာကီဘောင်းဘီအောက်က မာတောင်နေသည့် ဒုတ်ချောင်းကို လက်နှင့်ကိုင် မပွတ်မိအောင် မနည်းပင် စိတ်ထိန်းကာ နေရသည်။
ပြောရမည်ဆိုလျှင်တော့ ကျွန်ုပ်သည် ဗမာလူမျိုးတစ်ယောက်ဖြစ်သည့် အားလျော်စွာ ကျွန်ုပ်တို့ တိုင်းပြည်ကြီး ဗြိတိသျှဆိုသည့် အဖြူကောင်တွေ၏ လက်အောက်ကျရောက်ကာ ဒီဘာမဟုတ်သည့် နှာခေါင်းကောက်ကောက်ကောင်တွေကို သခင်ခေါ်ကာ အလုပ်အကျွေးပြုနေရသည့် အဖြစ်ကို ရွံရှာမိသည်သာ။ နေရာတကာ ကျွန်ုပ်တို့ဗမာလူမျိုးပေါ်တွင် ကုတ်သွေးစုတ်ကာ ထင်ရာစိုင်းနေသည့် အပြင်၊ ဗမာမှန်ရင် အထင်သေး အမြင်သားနှင့် “မောင်မင်းတို့ လူမျိုးတွေက ဆိုသည့်“ အပြောတွေကို တစ်နေ့တစ်နေ့ ကြားကြားနေရသဖြင့် အခုလိုမျိုး အဖြူမတွေ၏ ပုံများကို အတွေ့တွင်တော့ စိတ်ထဲကနေ ပက်ပက်စက်စက် ဆော်ပလော်တီးကာ နေမိသည်။
အချိန်မည်မျှကြာအောင် စာအုပ်ထဲတွင် နစ်မျောသွားသည်မသိ။ လေကလေး တချွန်ချွန်နှင့် အခန်းထဲကို လူတစ်ယောက်ဝင်ရောက်လာသည်ကို တွေ့မှ လန့်ဖျတ်ကာ ကမန်းကတမ်း စာအုပ်ကို ပိတ်လိုက်ရသည်။
“ဟဲ ..ဟဲ…ဦးအောင်သိန်းကြည့်ရတာ .. ကျုပ်ပေးတဲ့ စာအုပ်နဲ့ ညိမ့်နေတယ် ထင်တယ်..“
ကျွန်ုပ်သည် အခန်းထဲဝင်လာသည့်သူက ဘယ်သူမှန်းသိတော့မှ လေပူကြီးတစ်ခုကို “၀ှီး“ခနဲနေအောင် မှုတ်ထုတ်ရင်း..
“ဦးကိုကိုကြီးကတော့ဗျာ … အခန်းထဲလာရင်.. အသံလေး ဘာလေး ပေးဦးမှပေါ့ဗျ … ကျုပ်ဖြင့် လန့်သွားတာပဲ“ ဟု ပြောလိုက်ရာ အိုင်ပီ ဦးကိုကိုကြီးဆိုသည့် အနှီ ပုဂ္ဂိုလ် ကျွန်ုပ်၏ မိတ်ဆွေကြီးသည် သူ၏ ကြီးမားသည့် ဗိုက်ကြီးကို လက်ဝါးဖြင့် ပွတ်ကာ ..
“ကျုပ်က ခါတိုင်းလို လေလေးချွန်ပြီး ၀င်လာတာပါပဲဗျာ … ခင်ဗျားသာ ဇန်တွေဝင်နေလို့ ကျုပ်လေချွန်တာတောင် မကြားလိုက်တာ မဟုတ်ဘူးလား … လာပါဗျာ … အဲဒီစာအုပ် ကျုပ်ပြန်မယူသေးပါဘူး … ခင်ဗျားဘာသာ ခင်ဗျား အေးအေးဆေးဆေးဖတ် .. ကျုပ်ဗိုက်ဆာလို့ ကာကာဆိုင်သွားပြီး လက်ဖက်ရည်သွားသောက်ကျရအောင်“ ဟုပြောလေ၏။
ကျွန်ုပ်လဲ အခုထက်ထိ ဗိုက်ကိုလက်ဖြင့် ပွတ်နေသေးသည့် ဦးကိုကိုကြီးကို ကြည့်ကာ “လက်ဝါးကိုကိုကြီးလို့ မခေါ်ပဲ ဗိုက်သည်ကိုကိုကြီးလို့ ပြောင်းခေါ်ရင်တောင် ကောင်းမယ်“ ဟု တွေးမိ၏။ ဦးကိုကိုကြီးကို “လက်ဝါးကိုကိုကြီး“လို့ ခေါ်ရသည့် အကြောင်းကတော့ စာဖတ်သူများသိကြမည်သာ။ ဒီလူကြီး၏ လက်သည် နေရာတကာပါသည်သာမက ရာဇ၀တ်သားမှန်ရင် သူ့လက်ဝါးက နေရာမရွေးသည်မို့ စီအိုင်ဒီတခွင်တွင် “လက်ဝါးကိုကိုကြီး“ ရယ်လို့ အမည်တွင်နေသူဖြစ်၏။
ကျွန်ုပ်လဲ အဖော်အပေါင်း ရှိလာပြီမို့ လက်ထဲက အခုထက်ထိမချရသေးသော စာအုပ်ကိုပိတ်ကာ စားပွဲအံဆွဲထဲသို့ ထိုးထည့်လိုက်သည်။ စိတ်ထဲတွင်တွင်လဲ “အင်း … ကိုကိုကြီးလာခေါ်တာလဲ အကောင်းသား … အဲဒီလိုမှ မဟုတ်ရင် …ငါလဲပဲ ဒီမျက်နှာဖြူမတွေ ဖော်ချက်နဲ့ လရည်ထွက်ဖို့ပဲ ရှိတော့တယ် “ ဟု စဉ်းစားမိကာ ပြုံးတောင်ပြုံးမိသွားသည်။ ကျွန်ုပ်လုပ်ကိုင်နေသမျှကို လက်ပိုက်ကာ စောင့်ကြည့်နေသော ဦးကိုကိုကြီးက ..
“အိုင်ဆေး ဦးအောင်သိန်း .. ခင်ဗျားက ..ဘာကို သဘောကျလို့ ပြုံးတာလဲတော့ မသိဘူး … ဒါမျိုးသိနိုင်တာက ကျုပ်တို့ မိတ်ဆွေကြီး ဆားပုလင်းမင်းမောင်ပဲ ရှိတယ် …. ဒီတော့ ကျုပ်ကို ခင်ဗျား စဉ်းစားနေတာကို ပြောပြရင် ပြောပြ … မပြရင်တော့ အခုလက်ဖက်ရည်ကို ခင်ဗျားတိုက်ရလိမ့်မယ် “ ဟု အကြောကြီးနှင့် ပြောလေ၏။
ကျွန်ုပ်လဲ လာခေါ်တုန်းက သူကလာခေါ်ပြီး အခုကျတော့ ကိုယ်ကလက်ဖက်ရည်တိုက်ရမည် ဆို၍ ဦးကိုကိုကြီးဖက်လှည့်ကာ …
“ခင်ဗျားကလဲ .. ခေါ်တုန်းက ခေါ်ပြီး အခုကျတော့ ကျုပ်က တိုက်ရမယ်ပေါ့ … ဒါဆိုရင်တော့ အခုကျုပ်တိုက်လိုက်မယ် … လခထုတ်ရင်တော့ … တရုတ်တန်းမှာ ခင်ဗျားက ကျုပ်ကို ပြန်တိုက် …ဘယ်လိုလဲ “
ကျွန်ုပ်၏ စကားကို ကြားသည်နှင့် အိုင်ပီဦးကိုကိုကြီးသည် ထုံးစံအတိုင်း သူ့ဗိုက်ကြီးကို လက်ဝါးနှင့် ပွတ်ကာ. ..
“တိုက်ပါ့မယ်ဗျာ … လခထုတ်လို့ကတော့ .. မိန်းမကို ပိုက်ဆံမအပ်ပဲ ဘတ်ထားမယ့်…အသပြာတွေထဲက တိုက်ပါ့မယ်ဗျာ…ဟဲ..ဟဲ.. လောလောဆယ်တော့ ဘိုင်ပျက်နေလို့ ခင်ဗျားကပဲ တိုက်စမ်းပါ .. ပြောနေတာ ကြာတယ်ဗျာ … လာ သွားကြရအောင်… လက်ဖက်ရည်ဆိုင်မှာ တစ်နာရီလောက် အချိန်ဖြုန်းလိုက်ရင် ၁၂နာရီ ထိုးဖို့ နီးသွားပြီဗျ … ဒါဆို ဒီနေ့ ရုံးလာရတာ တန်သွားပြီဗျ … ဟီး..ဟီး“ ဆိုကာ သူ့အသံကြီးနှင့် အားရပါးရ ရယ်လေ၏။ ကျွန်ုပ်လဲ သူ့စကားကို သဘောကျသွားကာ ရောယောင်၍ ရယ်မိလေသည်။
“ခင်ဗျားကတော့ဗျာ …တစ်နေ့တစ်နေ့ ဘယ်လို အချိန်ဖြုန်းရမလဲပဲ တွေးနေတယ် … ဟား…ဟား“
ဦးကိုကိုကြီးထံမှ ကတိစကားကြားပြီးနောက် ကျွန်ုပ်လဲ ကျေနပ်သွားသည်မို့ အစောပိုင်းကတည်းက ငြိမ်သက်သွားပြီဖြစ်သည့် ပေါင်ကြားက ဒုတ်ကို နေရာကျအောင် ပြင်ရင်း အံဆွဲသော့ကို ပိတ်ကာ ရုံးခန်းထဲမှ ထွက်ဖို့ ပြင်လိုက်လေသည်။ ထိုအချိန်မှာပင် ကျွန်ုပ်တို့ အိုင်ပီနှစ်ဦး တဟီးဟီး တဟားဟား ရယ်နေသည့် အခန်းထဲသို့ လူတစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရ၏။
“ဆရာတို့ရေ …လက်ဖက်ခြောက်ထုပ်လေးတွေသာ ရှာသွားကြတော့ … မင်းကြီးကတော့ ဆူနေပြီ ..“
ကျွန်ုပ်သည် ၀င်လာသူကို ကြည့်လိုက်ရာ ရုံး၌ ပြာတာလုပ်နေသူ မောင်ညိုဖြစ်နေသည်ကို တွေ့သည်။ ကျွန်ုပ် ဘာမှ မပြောခင်ပင် ဦးကိုကိုကြီးက …
“ဟေ့ကောင် ..မောင်ညို … မင်းကြီး ခေါ်နေရင် ခေါ်နေတယ် ရိုးရိုးပြောပါလား … ငါတို့ကိုများ မင်း သူငယ်ချင်းတွေ အောက်မေ့နေလို့လား … ငါလုပ်လိုက်လို့ ..မင်း ဖင် အသားနီ လန်သွားမယ် … ဘာမှတ်နေလဲ“ လို့ ရုပ်တည်ကြီးနှင့် ကျိန်းမောင်းလေ၏။ အဲဒီတော့မှ အမြဲတမ်း စပ်ဖြဲဖြဲနှင့် နေတတ်သည့် ပြာတာကလေးလဲ ရုပ်သေလေး ဖြစ်သွားကာ…
“အမလေး .. မလုပ်ပါနဲ့ ဆရာကိုကိုကြီးရယ် … ကျနော်က မိန်းမတောင် မလုပ်ရသေးပဲ .. ကိုယ်က ပြန်အလုပ်ခံရမယ့် ကိန်းဖြစ်နေပြီ …မကောင်းဘူး ..မကောင်းဘူး … ယတြာချေရတော့မယ် ထင်တယ် … “ ဆိုကာ ခေါင်းတခါခါနှင့် အော်ဟစ်၍ ထွက်သွားလေသည်။ ကျွန်ုပ်နှင့် ဦးကိုကိုကြီးလဲ မောင်ညို့နောက်ကျောကို ကြည့်ကာ ပါးစပ်ကို ပိတ်၍ ရယ်မိကြသည်။
ကျွန်ုပ်တို့လဲ မောင်ညိုထွက်သွားပြီးနောက် အင်္ကျီ၊ ဖိနပ် ၊ ခါးပတ်စသည်တို့ကို နေသားကျအောင် ပြုရင်း မစ္စတာကရစ်ပင် ရုံးခန်းဘက်သို့ မပြေးယုံတမယ် ချီတက်လာခဲ့ကြသည်။ ရုံးခန်းထဲ ၀င်လိုက်သည်နှင့် တန်းစီရပ်နေကျသော အင်းစိန် စီအိုင်ဒီ၏ စုံထောက်လျှော်များ (အဲလေ .. စုံထောက်ကျော်များ) ဖြစ်သည့် ကိုအောင်မြင့်၊ ကိုစိန်လှ ၊ ကိုတင်ဝင်းနှင့် ဟို ဘိလပ်ဆိုကာ ကလကတ္တားလောက်ကနေ လှည့်ပြန်လာသည့် ဆရာစိန်ဆိုသူတို့ကို အခန့်သား တန်းစီရပ်နေကြသည်ကို တွေ့သည်။ မစ္စတာ ကရစ်ပင်ကတော့ လက်နောက်ပြစ်ကာ သူ့စားပွဲနောက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့လဲ မစ္စတာကရစ်ပင် ဒီဘက်ပြန်လှည့်မလာခင် မသိမသာ တိတ်တိတ်လေး ၀င်ကာ တန်းစီရပ်လိုက်၏။
“လူညံ့တွေ … မြည်းသတ္တ၀ါလို အားအားရှိ ငိုက်မျည်းနေတဲ့ အကောင်တွေ …အခု မင်းတို့ မငိုက်ရအောင် အလုပ်ပေါ်ပြီ .. ကံဘဲ့ဘက်က ခြံနှစ်ပတ် ၂၅ မှာရှိတဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးမှာ လူသတ်မှုပေါ်ပြီ … ဒီဇင်ဘာလမို့ အေးအေးနေရမယ် အောက်မေ့တာ .. အခုတော့ မဟုတ်တော့ဘူး … အဲဒီတော့ ဒီလူသတ်မှု တရားခံကို မောင်မင်းတို့ထဲက ဘယ်သူ ဖမ်းပေးနိုင်မလဲ …“
မစ္စတာ ကရစ်ပင်သည် သူ၏ စကားအဆုံး၌ အင်းစိန်စီအိုင်ဒီမှ စုံထောက်ကျော်များ၏ မျက်နှာကို တစ်ယောက်ချင်း စေ့စေ့ လိုက်ကာကြည့်၏။ ကျွန်ုပ်တို့လဲ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ဆိုသလို သူ့စကားကို ပြန်ဖို့ ဝေးစွ မျက်နှာချင်းပင် သေချာဆိုင်ကာ မကြည့်ရဲကြပေ။ ဟိုလိုလို ဒီလိုလို ပြုလုပ်နေမိကြ၏။ ခဏအကြာတွင် မစ္စတာကရစ်ပင်၏ စကားသံ ဆက်ထွက်လာသည်။
“လခအလကား ယူနေတဲ့ ကောင်တွေ .. အခုကျတော့ ဘယ်သူမှ အသံမထွက်တော့ဘူး … တရားခံ မဖမ်းမိရင် .. ကျုပ်တို့ကို ဖင်ချပါ ဆိုပြီး ဘယ်နှစ်ကောင် ပြောရလဲ … ဘယ်သူ အဲဒီလိုမျိုး သတ္တိရှိလဲ ..“
ကျွန်ုပ်သည် မစ္စတာကရစ်ပင်၏ နောက်ဆက်တွဲ စကားတွင် စိတ်ဆိုးရမည့်စကား မရယ်ဖြစ်အောင် မျက်နှာပိုးကို သပ်ကာနေရသည်။ ဘေးနားတွင် ရှိနေသည့် ဦးကိုကိုကြီးကို လက်တို့ကာ..
“ဦးကိုကိုကြီး ..ခင်ဗျား .. သွားအာမခံလိုက်ပါလား .. ခင်ဗျားဆိုရင် ဖြစ်လောက်တယ်ဗျ …“ ဆိုကာ မစ္စတာကရစ်ပင် လှည့်အထွက်သွားတွင် မြှောက်ပေးလေ၏။ ဦးကိုကိုကြီးကမူ ကျွန်ုပ်၏ စကားကို မျက်ထောင့်နီကြီးနှင့် ကြည့်ကာ အံကြိတ်ပြသည်။ ထိုအချိန်တွင်ပင် သက္ကလတ် ဦးထုပ်ဟောင်းတစ်ခုကို ဆောင်း၍ ဗလေဇာ ကုတ်အင်္ကျီဟောင်းတစ်ခုကို ၀တ်ကာထားသည့် လူတစ်ယောက်သည် ကချင်လွယ်အိတ်ကို လွယ်ကာ အခန်းတွင်းသို့ ၀င်လေလေ၏။ ဘယ်သူ့ကိုမှ မကြည့်ပဲ မစ္စတာကရစ်ပင် စားပွဲဆီသို့ ဦးတည်လျှောက်သွားကာ စားပွဲရှေ့တွင် ချထားသည် ခုံတစ်လုံးကို ဆွဲကာ အခန့်သားဝင်ထိုင်၏။ ထို့နောက် ကုတ်အင်္ကျီအတွင်းမှ ဂလေစီယာခေါ် ရေခဲတောင် အမှတ်တံဆိပ်ပါသည့် စီးကရက် တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းဖျားတွင် တပ်သည်။ တဆက်တည်းလိုလိုပင် တောက်ခနဲ နေအောင် မီးညွန့်လေးတစ်ခုပေါ်လာကာ ဆေးလိပ်ကို မီးညှိလိုက်သည်။
ဦးကိုကိုကြီးနှင့် ကျွန်ုပ်သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ဖြစ်ကြသည်။
“ကျုပ်တို့ လူကြီး ကိုမင်းမောင်ကို ဘယ်သူ ခေါ်လိုက်တာလဲဗျ .. သူ ရွှေဘိုဂတ် ရောက်နေတာဟုတ် ..“
ကျွန်ုပ်လဲ ခေါင်းကို အသာခါကာ ပုခုံးတွန့်ပြမိသည်။ ဤအချိန်တွင်ပင် ဆားပုလင်းမင်းမောင်၏ အင်မတန်မှ ဌာန်ကရိုင်းကျလှသော အင်္ဂလိပ်စကားသံက ထွက်လာသည်။
“ဒီမှာ မစ္စတာကရစ်ပင်…ခင်ဗျားက လက်အောက်ငယ်သားတွေကို အတော်နှိမ်တာကို … ဒီလအတွင်းမှာ အမှုမပေါ်ရင် ဟုမ်း (Home) က ခင်ဗျားကို ထောင်းမှာကို ကြောက်ပြီးတော့ ပြောနေတာ မှတ်လား … ခင်ဗျားကို မေးရဦးမယ် .. တကယ်လို့ တစ်လအတွင်း တရားခံကို ဖမ်းပေးနိုင်တယ်ဆိုရင် ခင်ဗျားကရော ပြန်ဖင်အချခံမှာလား …“ ဆိုကာ ကိုမင်းမောင်က မခိုးမခန့်မေးလေသည်။ ကျွန်ုပ်တို့လဲ အစောပိုင်းကတည်းက ရယ်ချင်နေရာ ၊ ဒီတစ်ခါတော့ ဘယ်လိုမှ မနေနိုင်တော့ပဲ တဟားဟားနှင့် ရယ်မိကြတော့သည်။ ဦးကိုကိုကြီးဆို ထိပ်ဆုံးကပင်။ မစ္စတာကရစ်ပင်သည် ဒီတော့မှ အလျှော့ပေးသည့် အနေနှင့် ….
“ဆားပုလင်း မင်းမောင်က အာမခံတယ်ဆိုရင် ရပါပြီ ..အလောင်းအစားကတော့ မလုပ်ပါရစေနဲ့  . .ကျုပ်ဖင်ကြိမ်းလို့ပါ “ ဆိုပြီး ပြောလေ၏ ။ ဆားပုလင်းမင်းမောင်လဲ အဲဒီတော့မှ ….
“ကောင်းပြီလေ … အဲဒီလို နားလည်စမ်းပါ … ရော့ ဒီမှာ ဟုမ်းက စီအိုင်ဒီကို သတင်းပို့ဖို့ဆိုပြီး ကျုပ်ကိုခေါ်လိုက်တဲ့စာ… နောက်ထပ် ဘာမှပြောစရာမရှိတော့ဘူး .. တရားခံကို မကြာခင် ဖမ်းပေးမယ်“ ဟု ပြောဆိုကာ နေရာကထ၏။ ကျွန်ုပ်တို့လဲ မင်းကြီးနှင့် ကျန်ခဲ့ရင်တော့ မလွယ်ဟု တွေးကာ ဆားပုလင်းမင်းမောင်နှင့် ကပ်လိုက်ကြ၏။ ကျွန်ုပ်တို့တွက်သည့်အတိုင်းပင်။ ကျွန်ုပ်တို့ ခပ်လှမ်းလှမ်း အရောက်တွင် မစ္စတာကရစ်ပင်၏ အသံကို ကြားရ၏။
“ဂတ်ဒေါက် ….စုံထောက်တွေ … ဆားပုလင်းမင်းမောင်ကတောင် တရားခံ ဖမ်းဖို့ သွားပြီ .. မင်းတို့က ဘာရပ်နေကြတာတုန်း .. ဘာလဲ ဖင်ချခံချင်လို့လား ….သွားကြ .. ရပ်မနေကြနဲ့..“ ဆိုသော အသံက ရုံးခန်းထဲကနေ ပျံ့ လွင့်လာသည်။
ကျွန်ုပ်တို့က နောက်ပြန်လှည့်အကြည့်တွင် မစ္စတာကရစ်ပင်၏ ရုံးခန်းကနေ တရောသောပါးနှင့် ထွက်လာကျသည့် ကိုအောင်မြင့်တို့ လူစုကို တွေ့ရလေ၏။ ကျွန်ုပ်တို့လဲ ဒီလူစုထက် နောက်မကျချင်သည်နှင့် အင်းစိန်စီအိုင်ဒီရှေ့တွင် အသင့်ရပ်ထားသည့် အော်စတင်ကားကလေးပေါ်ကို တက်ကာမောင်းလာခဲ့ကြသည်။
အင်းလျားလမ်းအတိုင်းမောင်းလာပြီး ကံဘဲ့ဘက်အရောက်တွင် မစ္စတာကရစ်ပင်ပြောလိုက်သည့် အတိုင်း ဆက်မောင်းလာခဲ့ရာ ခြံဝင်းတစ်ခုရှေ့တွင် ပုလိပ်ကားတစ်စီး ရပ်ထားသည်ကိုတွေ့သည်။ တလျှောက်လုံး ငြိမ်ကာ နောက်ကပါလာသည့် ကိုမင်းမောင်က …
“အဲဒါ ထင်တယ် .. ဦးကိုကိုကြီး … အဲဒီရှေ့မှာပဲ ရပ်လိုက်ဗျာ ..“ ဟု ကားခေါင်းခန်းကို ကပ်ကာ ပြောသည်။ ဦးကိုကိုကြီးလဲ ကိုမင်းမောင် ပြောသလိုပင် ကားကလေးကို ကျော်ကာ ခြံနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်.။ ကားထဲကနေ ထွက်ကာ တာဝန်ကျ ပုလိပ်သား ဖြစ်ဟန်တူသည့် ကောင်ကလေးဆီသို့ လျှောက်လာခဲ့ကြသည်။
“မင်းက တာဝန်ကျတဲ့သူလား …“
ဦးကိုကိုကြီးသည် ကျွန်ုပ်တို့လူစုကို လှမ်းကာ အလေးပြုသည့် ပုလိပ်သားလေးကို ကြည့်ကာမေးလိုက်၏။
“ဟုတ်ပါတယ် ဆရာ … ကျနော့်နာမည် ဗလပါ … အထဲမှာတော့ ကျနော့်တို့ အပိုင်ဂါတ်က ဆရာတွေ ရောက်နေပါတယ် ..“
“အေး ..အေး.. ကောင်းတယ် … ဒီမှာကြည့် .. ဒါက ငါတို့ စီအိုင်ဒီရဲ့ မှတ်ပုံတင်ကတ် …“
ဦးကိုကိုကြီးသည် သူ့အိတ်ထဲကနေ ထုတ်ကာ စီအိုင်ဒီက ထုတ်ပေးထားသည့် ကတ်ကို ပြလေ၏။ ကျွန်ုပ်လဲ ဦးကိုကိုကြီး၏ အပြုအမူက ထူးဆန်းနေသဖြင့် အထဲလှမ်းဝင်သွားသည့် ကိုမင်းမောင်နောက် မလိုက်ဖြစ်ပဲ ခြံဝတွင် ရပ်ကာ ကျန်ခဲ့၏။ ဦးကိုကိုကြီးကိုလဲ မျက်မှောင်ကျုံ့ကြည့်ကာ ဒီလူကြီးက ဘာအဆန်းထွင်တာလဲ ဟု တွေးနေမိ၏။
“ဒီမှာ မောင်ဗလ .. မင်းကို ငါက ခင်လို့ သင်ပေးလိုက်ဦးမယ် … ဒီခေတ်ကြီးမှာ အတုအယောင်တွေက ပေါတယ်ကွ … စီအိုင်ဒီကလို့ ပြောလဲ ယုံမနေနဲ့ … အခုလိုမျိုး သက်သေခံ ကတ်ပြားကိုတောင်း မြင်ရမှာယုံ သိလား …ဒီလိုကိစ္စတွေ ဆိုတာက ပုလိပ်အရေးပိုင်ကွ … ဒီတော့ ကိုယ့်ဘက်က ကိုယ့်တာဝန်ကို ကိုယ်လုပ်မှ ဖြစ်မယ် …“
“ဟုတ်.. ဟုတ်ကဲ့ပါ .. ဆရာ…“
ဦးကိုကိုကြီးသည် ဘာသဘောနှင့်တော့ မသိ ပုလိပ်ကလေး မောင်ဗလကို အာရိုက်နေလေ၏။ ထိုအချိန်တွင်ပင် ကျွန်ုပ်တို့နောက်မှ လိုက်လာကြသည့် ကိုအောင်မြင့်တို့ လူစုသည် နောက်ထပ် အော်စတင်ကားကလေးပေါ်က ဆင်းကာလာကြလေ၏ ။ ကျွန်ုပ်လဲ လေကြောရှည်နေသည့် ဦးကိုကိုကြီးကို လက်တို့ရ၏။ ဦးကိုကိုကြီး၏ လက်ချာကို မိသွားသည့် ပုလိပ်သားလေးသည် ကိုအောင်မြင့်တို့ကို လှမ်းကြည့်လေ၏။ လက်ပြကာ လှမ်း၍ တားမိဟန် ပြင်၏။ ဦးကိုကိုကြီးက ဆက်လက်ကာ ပြော၏။
“အဲဒီကောင်တွေကိုတော့ ထားလိုက် .. သူတို့လဲ စီအိုင်ဒီကပဲ ...တားမနေနဲ့တော့ ….ငါတို့ ၀င်သွားပြီး နောက်လာမည့်လူတွေ ကို သာ ..သေချာ စိစစ်ကြည့် .. ကုန်ကုန်ပြောမယ်ကွာ .. မျက်နှာဖြူ အင်္ဂလိပ်ကောင် ဖြစ်ရင်တောင် အ၀င်မခံနဲ့ … သက်သေခံကတ်ပြားကိုတောင်း .. ဖင်အချခံမယ်ဆိုရင်တောင် ပေးမ၀င်နဲ့ကွာ … ကြားလား…“
“ဟုတ် ….ဆရာ ..မှတ်ထားပါ့မယ်..“
ကျွန်ုပ်လဲ ဦးကိုကိုကြီးနှင့် ပုလိပ်သား မအူမလည်ကောင်ကလေး မောင်ဗလ၏ အပြန်အလှန်စကားတွင် မျက်လုံးပြူးသွားလေ၏။ ကျွန်ုပ်က တစ်ခုခုပြောမည်ဟန် အပြုတွင် ဦးကိုကိုကြီးက ကျွန်ုပ်ဘက်လှည့်ကာ မျက်စိမှိတ်ပြလေသဖြင့် ကျွန်ုပ်လဲ ဘာမှမပြောတော့ပဲ ပုလိပ်သားလေး မောင်ဗလ အတွက်သာ ဘုရားတရား တမိနေ၏။ ထို့နောက်တွင် ဦးကိုကိုကြီးက ကျွန်ုပ်ကို လက်တို့ကာ ….
“လာ အိုင်ပီ … သွားကြရအောင် .. ကိုအောင်မြင့်တို့ ဘာတွေအာရိုက်ပြီး ပေါက်တတ်ကရတွေ ပြောနေမလဲ ဆိုတာ သွားနားထောင်ရအောင် ..“ ဆိုကာ ရှေ့က ထွက်သွားလေ၏။ ကျွန်ုပ်လဲ ဦးကိုကိုကြီးနှင့် အတူ ခြံအလယ်က နှစ်ဆောင်ပြိုင်အိမ်ကြီးဆီသို့ အတူလျှောက်လာခဲ့၏။ လျှောက်လာရင်း ဦးကိုကိုကြီး ဘက်လှည့်ကာ …
“ခင်ဗျားကတော့ဗျာ …နေရင်းထိုင်ရင်း ဟို ကောင်ကလေးကို ချောက်ချနေတယ် …နောက်လာမည့်လူက ဘယ်သူ ဖြစ်မှန်း မသိ…“
“ဟီး .. ဟီး… ကျုပ်လဲ .. ဘယ်လိုကနေ ဘယ်လို စိတ်ကူးရမှန်းမသိဘူး … ရုံးခန်းထဲက မစ္စတာကရစ်ပင် စကားကို နားထဲ ကြားနေတာနဲ့ .. ပြောမိသွားတာ …ဘာမှတော့ မဖြစ်လောက်ဘူး ထင်ပါတယ် ဗျာ .. ကျုပ်က တာဝန်အတိုင်း လုပ်ခိုင်းတာပဲ..“
ကျွန်ုပ်လဲ ဦးကိုကိုကြီး၏ ဆင်ခြေတွင် ဘာမှ ဆက်မပြောတော့ပဲ ပတ်ဝန်းကျင်ကိုသာ အကဲခတ် စူးစမ်းရင်း အိမ်ကြီး၏ ဆင်ဝင်အောက်ကို လျှောက်လာခဲ့၏။ နှစ်ဆောင်ပြိုင်အိမ်ကြီးသည် ရှေးဟောင်းအိမ်ကြီး ပုံစံမျိုးဖြစ်ကာ အိမ်တစ်ခုလုံးကို ရေနံကြီး ၀အောင် သုတ်ထားသဖြင့် မဲနက်နေသည်။ ခြံဝင်းထဲတွင်လဲ သုတ်သင်ရှင်းလင်းမဲ့သူ မရှိလို့လားတော့ မသိ။ မြက်ရိုင်းပင်များက တော်တော်ရှည်ရှည်ပင် ပေါက်ရောက်နေ၏။ သီးစားပင်လိုလို ဖြစ်သည့် သရက်ပင် ၊ မရမ်းပင်များကတော့ ဟိုတစ်စု ဒီတစ်စု ပေါက်နေလေ၏။
ကျွန်ုပ်တို့လဲ အိမ်မကြီး တံခါးပေါက်က အသင့်ဖွင့်ထားသည်နှင့် အိမ်ထဲသို့ပင် တောက်လျှောက် လျှောက်ဝင်လာခဲ့၏။ အတွင်းဘက်တွင်တော့ အိမ်ကြီးသည် အပြင်ဘက်က သွင်ပြင်နှင့် မတူအောင်ပင် ကြီးကျယ်ခန်းနားစွာ အလှပြင်ထား၏။ အိမ်မကြီး၏ နံရံများတွင် မျက်နှာဖြူများ နေထိုင်သည့် အိမ်များတွင်သာ တွေ့ရသည့် Wall Sheet ဟု ခေါ်သည့် နံရံကတ် အလှစက္ကူများကပ်ကာ အလှဆင်ထား၏။ ကြမ်းခင်းကိုလဲ ပါရှန်းပြည်ဖြစ် အကောင်းဆုံး အမွှေးပွ ကောဇောကြီးနှင့် အပြည့် ခင်းကာထား၏။ ကျွန်ုပ်နှင့် ဦးကိုကိုကြီးလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြ၏။
“ဟိုမှာ .. ကျုပ်တို့ လူကြီး ကိုမင်းမောင် မှတ်လား …“
ဦးကိုကိုကြီး လက်ညိုးထိုးပြရာကို အကြည့်တွင် ကိုမင်းမောင်ကို ဧည့်ခန်းတွင် အစီအရီချထားသည့် အနောက်နိုင်ငံက လာသည့် သားရည်လည်သာ ဆိုဖာခုံတစ်လုံး၌ ကိုယ့်အိမ်ကိုယ့်ယာလိုလို အေးအေးဆေးဆေး ထိုင်ကာ စီးကရက်တစ်လိပ်ကို မီးညှိရင်း စာအုပ်ထူကြီး တစ်အုပ်ကို ထိုင်ကာ ဖတ်နေသည်ကို တွေ့ရ၏။ သူ့ရှေ့က စားပွဲခုံတွင်လဲ သားရည်နှင်ချုပ်ကာထားသည့် စာအုပ်ထူထူကြီး နှစ်အုပ်သုံးအုပ်က ဖွင့်လျက်သားဖြစ်သည်ကို တွေ့နေရ၏။
“ဘယ်လိုလဲ .. အိုင်ဆေး ကိုမင်းမောင် … ခင်ဗျားက ဒီမှာ လာငြိမ့်နေတာကို.. အလောင်းက ဘယ်မှာလဲဗျ ..“
“လာဗျ.. အိုင်ပီတို့ … ဒီမှာဗျ .. တော်တော်ဖတ်လို့ ကောင်းတဲ့ စာအုပ်တွေမို့ … ကိုင်မိတာနဲ့ လက်က မချနိုင်ဘူး ဖြစ်နေတယ် .. အလောင်းက အပေါ်ထပ်မှာ ဖြစ်မှာပါ .. ကိုအောင်မြင့်တို့ တက်သွားနေလေရဲ့ ..“
ဆားပုလင်းမင်းမောင်သည် ကျွန်ုပ်တို့ ရောက်လာသည်နှင့် လက်ထဲက စာအုပ်ကို ပိတ်ကာ စားပွဲပေါ်တင်လိုက်၏။ သောက်နေကျ စီးကရက်ကိုလဲ စားပွဲပေါ်က ပြာလိပ်ခွက်လေးထဲကို ထိုးသတ်ကာ ထိုင်နေရာမှထ၏။ ထိုအချိန်တွင်ပင် အိမ်ထဲသို့ လူတစ်ယောက်ဝင်လာ၏။ ကျွန်ုပ်တို့ လှမ်းကြည့်လိုက်ရာ မစ္စတာကရစ်ပင် ဖြစ်နေလေ၏။
“ကိုကိုကြီး .. ဂိတ်ဝမှာ တာဝန်ချထားတဲ့ ပုလိပ်သားကို မောင်းမင်းသိလား ..“
ကျွန်ုပ်လဲ မစ္စတာကရစ်ပင်၏ အမေးတွင် ဦးကိုကိုကြီး ရှို့ခဲ့တဲ့ မီးကတော့ လောင်ပြီဟု တွေးမိ၏။ ဦးကိုကိုကြီးကမူ..
“သိပါတယ် .. မင်းကြီး .. ဒီအပိုင်ဂတ်ကပါ .. နာမည်က မောင်ဗလတဲ့..“
“အေး…အေး… ဒီကောင်ကလေးကို ကျုပ် သဘောကျတယ် .. ကျုပ်ကိုယ်ကျုပ် စုံထောက်မင်းကြီးလို့ ပြောတာတောင် ပေးမ၀င်ဘူး .. သက်သေခံကတ်ပြားကို မရမက တောင်းနေတယ် .. ဖင်ခံမယ်ဆိုရင်တောင် ပေးမ၀င်နိုင်ဘူး ပြောတယ် .. ဒါမျိုးတာဝန်ကျေတာ ကျုပ်ကြိုက်တယ် … မောင်မင်း .. သူ့ကို ရာထူးတိုးအောင် စီစဉ်ပေးလိုက် ..“
ကျွန်ုပ်လဲ မစ္စတာကရစ်ပင်၏ စကားတွင် မျက်လုံးပြူးသွား၏။ ဟိုက်..ဟုတ်လှချည်လား။ ဦးကိုကိုကြီးကမူ ကျွန်ုပ်ဘက်လှည့်ကြည့်ကာ လက်မထောင်ပြ၏။ မျက်နှာကမူ စပ်ဖြီးဖြီး ဖြစ်နေ၏။ ဆားပုလင်းမင်းမောင်ကမူ ဘာမှမပြောဘဲ မင်းကြီးနှင့် အတူ အိမ်ကြီးအပေါ်ဘက်ကို တက်သည့် ကြောင်လိမ်လှေကားကနေ တစ်ဆင့်ချင်း တက်သွားလေ၏။ ဦးကိုကိုကြီးက အဲဒီတော့မှ ကျွန်ုပ်ဘက်လှည့်ကာ …
“တွေ့လား ..ဦးအောင်သိန်း.. နေရာတကာကို အဆိုးမြင်တဲ့ ပုံစံနဲ့ မကြည့်ပါနဲ့ဗျ .. တွေ့လား .. ကျုပ်လုပ်လိုက်လို့ .. ဟိုမှာ ရာထူးတောင် တက်တော့မယ် .. တွေ့တာဟုတ် .. ဟား … ဟား….ဟား…“ ဟု ဆိုကာ ဗိုက်ကြီးကို နှိပ်၍ ရယ်လေ၏။ ကျွန်ုပ်လဲ ရောယောင်ကာ ရယ်မိ၏။ တော်သေးသည် မစ္စတာကရစ်ပင်နှင့် ကိုမင်းမောင်သည် ကြောင်လိမ်လှေကားထိပ်ကို ရောက်ကာ ပျောက်ကွယ်သွား၍ ကျွန်ုပ်တို့ ရယ်နေကြသည်ကို မသိလိုက်ကြပါ။ ဦးကိုကိုကြီးနှင့် ကျွန်ုပ်လဲ ခဏကြာမှ မျက်နှာပိုးသတ်ကာ အပေါ်ထပ်ကို တက်လာခဲ့ကြတော့၏။
ကြောင်လိမ်လှေကား ဆုံးသွားသောအခါ ကျယ်ဝန်းသော ခန်းမကျယ်ကြီး တစ်ခုကို တွေ့ရ၏။ ထူးဆန်းသည်က အဆိုပါ ခန်းမကျယ်ကြီးတွင် လေးဘက်လေးတန် မြင်ရသော မှန်ပေါင်များနှင့် ကာထားသော လူတစ်ရပ်သာသာလောက် မြင့်မည့် ဗီဒိုလေးတွေ အစီအရီရှိနေပြီး အဆိုပါ ဗီဒိုများထဲတွင် လက်နက်ကိရိယာများကို ထည့်သွင်းပြသထားခြင်း ဖြစ်သည်။ ပုဆိန်၊ ဓါးမြှောင် ၊ ဓါးရှည်၊ အဲမောင်း အစရှိသည့် လက်နက်ကိရိယာများကို အစီအရီ ထားရှိထားသည်ကို တွေ့ရ၏။ ခန်းမကျယ်ကြီး၏ ဘေးတွင်တော့ အိပ်ခန်းလို့ ထင်ရသည့် အခန်းကြီးတစ်ခု ရှိ၏။ အခန်းရှေ့တွင် ပုလိပ်သားတစ်ယောက်က စောင့်နေပြီး လူသံများက အခန်းထဲမှ ထွက်နေ၍ ကျွန်ုပ်တို့လဲ အဆိုပါ အခန်းထဲသို့ ၀င်ရောက်လာခဲ့၏။
အိပ်ခန်းကြီးသည် လွန်စွာမှ ကျယ်ဝန်းလှပြီး ခန်းမအလယ်တွင် ကြီးမားသော မွေ့ယာကြီး တစ်ခုက ထည်ထည်ဝါ၀ါကြီး ရှိနေ၏။ တခြား အိမ်ထောင်ပရိဘောဂ များများစားစား မတွေရပဲ ကနုတ်ပန်းအနုအရွများ ထုဆစ်တန်ဆာဆင်ထားသည့် မှန်တင်ခုံကြီးတစ်ခု၊ အ၀တ်အစားဗီဒို ကြီးတစ်လုံးနှင့် အခန်းထောင့်တွင် ထားရှိသည့် အထပ်သုံးထပ်ပါ သစ်သားစင်လေးတစ်ခုသာလျှင် ရှိ၏။ သန့်ရှင်းသပ်ရပ်နေသော အခန်းကြီးနှင့် မလိုက်သည်ကတော့ အကောင်းစား ရေမြုပ်မွေ့ယာကြီးထက်တွင် ဆန့်ဆန့်ကြီး သေဆုံးနေသည့် လူသေ အလောင်းကြီးပင်။ ကျွန်ုပ်တို့ အင်းစိန် စီအိုင်ဒီ၏ စုံထောက်ကျော်များ ဖြစ်သည် ကိုအောင်မြင့်တို့ လူစုကိုတော့ အဆိုပါ အလောင်းကြီးဘေးတွင် သဲလွန်စပဲ ရှာသလိုလို၊ အလောင်းကိုပဲ စစ်ဆေးနေသလိုလို နှင့် ၀ိုင်းကာ ရှိနေကြ၏။ ဆားပုလင်းမင်းမောင်နှင့် မစ္စတာကရစ်ပင်ကိုတော့ ပုလိပ်ယူနီဖောင်း ၀တ်ထားသည့် နံပတ်တုတ်ကိုင်ထားသည့် လူတစ်ယောက်နှင့် အတူရပ်နေတာကို တွေ့ရလေ၏။ ကျွန်ုပ်တို့ ၀င်လာသည်ကို မြင်သည်နှင့် ကိုမင်းမောင်က ..
“အိုင်ပီတို့ … ဒါ ရာဇ၀တ်အုပ် ဦးသောင်းရွှေတဲ့ … သူက ဒီအပိုင်က … ပြောင်းလာတာတော့ သိပ်မကြာသေးဘူး .. ပြောင်းလာလာခြင်း သူလဲ ဒီအမှုနဲ့ စကြုံတာပဲ ..“
“ဦးသောင်းရွှေ .. ဒီဘက်က အိုင်ပီဦးကိုကိုကြီး ..နဲ့ အိုင်ပီ ဦးအောင်သိန်းပဲ .. သူတို့လဲ စီအိုင်ဒီက စုံထောက်တွေပါပဲ ..“
ကျွန်ုပ်လဲ မျက်နှာလေး မှိုင်တွေနေသည့် ရာဇ၀တ်အုပ် ဦးသောင်းရွှေဆိုသူကို ကြည့်ကာ လွန်စွာမှ ဂရုဏာသက်မိလေ၏။ သူ့ခမျာ ပြောင်းလာတာမှ မကြာသေးဘူး။ ဒီလိုအမှုနဲ့မှ စတွေ့ရတယ်လို့…။ ဦးသောင်းရွှေသည် အသက်ငါးဆယ်အရွယ်ခန့်ရှိကာ အရှေ့ဘက်ခေါင်းတစ်ခြမ်းလုံး ဘာဆံပင်မှ မရှိပဲ ပြောင်တလင်းခါနေသူ ဖြစ်သည်။ မိတ်ဆက်ပေးပြီးနောက် ဦးသောင်းရွှေကပင် …
“ကျုပ်တို့လဲ ဒီနေ့မနက်တွင် ညစောင့် ဒရ၀မ်ကုလားက လာပြီးတော့ အကြောင်းကြားလို့ ..ထွက်လာကြတာပဲ .. အမှုက ဘာမှန်းညာမှန်းမသိလို့ ကြားကြားခြင်း... အင်းစိန်စီအိုင်ဒီကို အကြောင်းကြားထားတာ… ပြသနာက ဒရ၀မ်ကုလားကလဲ အလုပ်ဝင်တာ သိပ်မကြာသေးတော့ သေတဲ့လူဟာ ဦးဘမျိုးဆိုတာကလွဲလို့ ဘာမှ မပြောနိုင်ဘူး ဖြစ်နေတယ် ..“ ဟု ထိပ်ပြောင်နေပြီ ဖြစ်သည့် ခေါင်းကိုပွတ်ကာ ညည်းညည်းညူညူ ပြောရှာလေ၏။
ဦးသောင်းရွှေ၏ စကားကို ကြားသည်နှင့် ဦးကိုကိုကြီးက ..
“ဒီမှာ မိတ်ဆွေကြီး .. ဒီအတွက်တော့ ပူမနေနဲ့ .. ဒီအမှု တရားခံဟာ အတောင်ပေါက်နေစေဦးတော့ .. မလွတ်အောင် ဖမ်းပေးပါ့မယ် ..“ ဟု အခန့်သားနှင့် ပြောလေ၏။ ဦးကိုကိုကြီး၏ စကားကို ကြားသည်နှင့် ရာဇ၀တ်အုပ်ကြီး ဦးသောင်းရွှေသည် အနှစ်တရာက ကွဲသွားသည့် ရည်းစားကို ပြန်တွေ့သည် မျက်နှာမျိုးနှင့် ပြုံးရွှင်စွာဖြင့် …
“အားကိုးပါတယ် .. ဆရာတို့ရယ် .. ဒါကြောင့်လဲ အင်းစိန်စီအိုင်ဒီက နာမည်ကျော်တာ ဖြစ်မယ်“ ဟု ပြောရင်း ဦးကိုကိုကြီးကို လက်ဆွဲနှုတ်ဆက်ရန် လက်ကို ကမ်းပေးလေ၏။ ထိုအခါ ဦးကိုကိုကြီးက ..
”နိုး .. နိုး .. အိုင်ဆေး ကိုသောင်းရွှေ .. ခင်ဗျားက ကျုပ်ကို စွတ်အထင်ကြီးနေပြန်ပြီ … ကျုပ်ပြောတာက ကျုပ်ကြောင့် မဟုတ်ဘူး … တစ်လအတွင်း တရာခံ မမိရင် ဖင်ခံပါ့မယ်လို့ ကတိပေးထားတဲ့ ဒီက ဆားပုလင်းမင်းမောင်ကြောင့်ပါ … ကျုပ်ကြောင့် မဟုတ်ပါဘူး .. “ ဆိုကာ လက်ကာ၍ ပြောလေရာ ဦးသောင်းရွှေ၏ ကမ်းပေးလိုက်သည့် လက်သည် လေထဲတွင် တန့်သွားပြီး အိုးတိုးအန်းတန်း ဖြစ်သွားလေ၏။ နှုတ်ကမူ ..
“ဟာဗျာ .. ဆရာက သိပ်နောက်တတ်တာပဲ .. “ ဟုသာပြောရှာလေ၏။ ကျွန်ုပ်လဲ ဦးသောင်းရွှေ၏ အမူအယာကို ကြည့်ကာ ရယ်မိမလိုတောင် ဖြစ်လေ၏။ ဤအချိန်တွင်ပင် ဆားပုလင်းမင်းမောင်သည် ကျွန်ုပ်ဘက်လှည့်ကာ ..
“လာဗျာ .. အိုင်ပီ …ကိုအောင်မြင့်တို့ ပြီးသလောက် ရှိပြီ ထင်တယ် … အလောင်းကို ကြည့်ကြရအောင် …“ ဆိုကာ ခေါ်လေ၏။
ကျွန်ုပ်လဲ အဖော်ရှိမှတော့ နောက်တွန့်မနေတော့ပဲ ကိုမင်းမောင်နောက်က ကပ်ကာ လိုက်လေ၏။ အမှန်ဆို ကျွန်ုပ်မှာ မတတ်သာလို့ စုံထောက်တစ်ယောက်ဖြစ်နေသော်လဲ အခုလို သေမှုသေခင်းမျိုးကိုမူ ကြည့်ရာမှာ အင်မတန်မှ လက်တွန့်သူ ဖြစ်၏။ အလောင်းကြည့်ရမည့် အစား မနက်က ရုံးခန်းမှာ ခိုးကြောင်ခိုးဝှက်ကြည့်နေခဲ့ရသည့် မျက်နှာဖြူမလေးများ၏ ကိုယ်လုံးတီး ဓါတ်ပုံ စာအုပ်ကိုသာ ပြန်၍ ကြည့်ချင်မိသည်သာ။ ကျွန်ုပ်တို့ ကုတင်အနားကပ်လာသည်နှင့် ကိုအောင်မြင့်တို့က ကျွန်ုပ်တို့ ကြည့်ရအောင် ဆိုကာ နေရာ ရှဲပေးလိုက်လေရာ ကုတင်အလယ်ရှိ သေနေသောလူကို သေချာမြင်ရလေ၏။ သေဆုံးသူသည် အသက်၄၀ကျော်အရွယ် ယောက်ျားကြီးတစ်ယောက်ဖြစ်ကာ ခွန်အားဗလနှင့် ပြည့်စုံသူဖြစ်၏။ ဒါ့အပြင် တကိုယ်လုံးတွင်လဲ ဆေးမှင်ကြောင်များ ထိုးထားသည်ကို အလောင်းတစ်ခုလုံး၌ ဘာအ၀တ်အစားမှ မရှိသဖြင့် သတိထားမိ၏။ လည်ပင်း လည်စလုတ်နေရာတွင် အညိုအမည်းဆွဲနေကာ မျက်နှာကျက်ကျက်တည့်တည့်ကိုကြည့်ရင်း မျက်လုံးကြီး ပြူးကာ ဆန့်ဆန့်ကြီး သေနေရှာ၏။ ကျွန်ုပ်က ကိုမင်းမောင်ကို ကြည့်မိရာ ကိုမင်းမောင်က ခေါင်းတဆတ် ငြိမ့်ပြရင်း ..
“ဟုတ်တယ် အိုင်ပီ .. လည်စလုတ်ကို ဖြတ်အရိုက်ခံရလို့ ..သေသွားတာပဲ .. အင်မတန်မှ လက်ဆပြင်းတဲ့ ရိုက်ချက်ပဲ ..“ ဟု ကျွန်ုပ်၏ အတွေးကို ထောက်ခံကာ ပြောလေ၏။
ကျွန်ုပ်လဲ မိမိ ထင်မြင်ချက်က မှန်သွားသဖြင့် အားတက်သွားပြီး ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်မိရာ ကုတင်ခေါင်းရင်းတွင် ရှပ်အင်္ကျီတစ်ထည်တင်ထားတာကို တွေ့ပြီး မွေ့ယာဘေးတွင်တော့ ဆိပ်ခွန်ပုဆိုးတစ်ထည်က ကွင်းလုံးပုံကျနေသည်ကိုတွေ့ရ၏။ အမှုတစ်ခုလုံးတွင် တခြားထွေထွေထူးထူး ဘာမှ ထပ်မတွေ့တော့ပဲ ထူးဆန်းသည့်အချက်တစ်ခုအနေဖြင့်သာ မွေ့ယာပေါ်တွင် စံပယ်ပွင့်အဖြူလေးတွေ ပြန့်ကျဲနေသည်ကို တွေ့ရ၏။ ကျွန်ုပ်လဲ မျက်မှောင်ကျုံကာ ကြည့်မိ၏။ စံပယ်ပွင့်လေး တစ်ချို့တစ်ဝက်ကာ သေဆုံးသူ၏ ရင်ပတ်ပေါ်တွင် ရှိနေပြီး တချို့တ၀က်က မွေ့ယာပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ရ၏။ တခြား ထွေထွေထူးထူး ဘာမှထပ်မတွေ့ရတော့ချေ။
ကိုမင်းမောင်သည် လူကြီးကို တစ်ချက်ကြည့်ပြီးနောက် ကုတင်ခေါင်းရင်တွင် တင်ထားသည့် အင်္ကျီကို လက်လှမ်းကာ ယူ၏။ အင်္ကျီအိတ်ထဲသို့ လက်နှိုက်လိုက်ရာ စက္ကူကတ်ပြားအနီတစ်ခုပါလာသည်ကို တွေ့ရ၏။ ကိုမင်းမောင်က ကျွန်ုပ်ဘက်လှည့်၍ ပြလိုက်ရာ အင်္ဂလိပ်ဂဏန်း “15“ ဆိုတာ ရိုက်ထားသည်ကို တွေ့ရ၏။ ကျွန်ုပ်လဲ ကိုမင်းမောင်မျက်နှာကို စူးစမ်းသလို ကြည့်မိ၏။ ကိုမင်းမောင်ကမူ ကျွန်ုပ်ကို ပြန်မကြည့်ပဲ မျက်မှောင်ကုတ်ကာ အလောင်းကိုသာ သေသေချာချာ စူးစူးစိုက်စိုက်ကြည့်နေလေ၏။
ထို့နောက် ကိုမင်းမောင်သည် လူသေအလောင်း၏ ဆန့်ဆန့်ကြီး ဖြစ်နေသည့် ပေါင်နှစ်ချောင်းကို ဆွဲကားလိုက်၏။ ပြီးလျှင် သဘာဝအတိုင်း ရှင်းရှင်းကြီးဖြစ်နေသည့် ယောက်ျားအင်္ဂါကို ကိုင်ကာ ကြည့်လေ၏။ ကျွန်ုပ်တို့လဲ ကိုမင်းမောင် အပြုအမူကို ကြည့်ကာ မျက်လုံး ပြူးရ၏။ ဦးဘမျိုး၏ ပစ္စည်းကြီးကမူ လူကသာ သေဆုံးနေသော်လဲ အချောင်းကြီးက သေနေသည်နှင့် မတူပဲ မမာတမာ မတောင့်တတောင့် ဖြစ်နေသည်ကို ကိုမင်းမောင်က ပယ်ပယ်နယ်နယ်ကိုင်ထား၍ တွေ့နေရ၏။ အရွယ်အစားကလဲ အတော်ကြီးမားသည်ဟု ပြောရမည် ဖြစ်၏။ နဂိုကတည်းက ကိုမင်းမောင်ဆိုရင် ပြောချင်နေသည့် စုံထောက် ကိုအောင်မြင့်က အချက်ကောင်းရပြီ ဆိုသည့်သဘောနှင့် ကိုမင်းမောင် လုပ်ဆောင်နေပုံကိုကြည့်ကာ ၎င်း၏ အသံပြာပြာလေးနှင့် …
“ဆားပုလင်းမင်းမောင် ဘယ်လိုဖြစ်ပြီး ဂေး (Gay) စိတ်တွေ ၀င်သွားရတာလဲ .. ဘာလဲ တစ်လအတွင်း .. တရားခံ မဖော်နိုင်ရင် ဖင်ခံရမယ်ဆိုပြီး ကတိပေးထားလို့ လေ့လာနေတာလား … “ဆိုကာ အသားလွတ် လှောင်ကာပြောလေ၏ ။ ကိုအောင်မြင့်၏ အဖွဲ့သားများလဲ အဆိုပါစကားတွင် တဟီးဟီး တဟားဟားနှင့် လိုက်ကာ ရယ်လေကြလေ၏။ ကျွန်ုပ်သည် မိတ်ဆွေကြီး ကိုမင်းမောင်အစား အင်မတန်မှပင် ခံပြင်းဒေါသထွက်ရလေ၏။ ကိုမင်းမောင်မှာမူ ခန္ဓီစပါရမီကို ဖြည့်ကျင့်သော ဘုရားလောင်းကဲ့သို့ တစုံတရာ ပြောကြားခြင်းမရှိပဲ နေလေရာ ကျွန်ုပ်နှင့် ဦးကိုကိုကြီးလဲ ကိုအောင်မြင့်တို့ အုပ်စုကို မျက်ထောင့်နီကြီးနှင့် ကြည့်နေလေ၏။ ကျွန်ုပ်တို့က ဘာမှမပြောသော်လဲ ကိုအောင်မြင့်တို့ အဖွဲ့၏ ရယ်မောသဘောကျနေသည်ကိုတွေ့သွားသော မစ္စတာကရစ်ပင်က ..
“လူကလေးတို့ အလောင်းကြီးကို ကြည့်ပြီး ဘာတွေ ဒီလောက်တောင် သဘောကျနေတာလဲ .. တရားခံ ဘယ်သူလဲ ဆိုတာ သိပြီလား“ ဆိုကာ သူသိချင်သည့် အကြောင်းအရာကို အင်္ဂလိပ်လို မေးလေ၏။ ထိုအခါကျမှ ခုနကတုန်းက တဟီးဟီးတဟားဟား ရယ်မောနေကြသော လူစုသည် အမြီးကုတ်ကာ ငြိမ်ကျသွားလေ၏။ အစောပိုင်းကတည်းက မခံမရပ်နိုင် ဖြစ်နေသော ဦးကိုကိုကြီးသည် ဒီတော့မှ …
“ဟေ့လူတွေ .. အခုမှ ဘာဖြစ်လို့ ငြိမ်နေကျတာလဲ … ခင်ဗျားတို့ ဒီလောက် အချိန်ဖြုန်းပြီးမှတော့ .. တရားခံ ဘယ်သူလဲ ဆိုတာ သိသင့်ပြီပေါ့ …ပြောလိုက်ကျပါလား “ ဆိုကာ ပြန်ပက်လေ၏။ ကိုအောင်မြင့်တို့လူစုလဲ အခုကျတော့မှ သူလိုလို ကိုယ်လိုလို နှင့် ဟိုကြည့် ဒီကြည့် ဖြစ်ကာနေကျရ၏။ ထိုသို့ ကျွန်ုပ်တို့ လူစုနှင့် ကိုအောင်မြင့်တို့ စကားပြောနေချိန်တွင်ပင် ကိုမင်းမောင်သည် အလောင်းကို ကြည့်ရှုလို့ ပြီးသွားဟန်တူ၏။ သူ့ကုတ်အင်္ကျီအတွင်းမှ လက်ကိုင်ပုဝါကို နှိုက်ထုတ်ကာ လက်ကို သေချာသုတ်၏။ ပြီးလျှင် အခန်းထဲတွင် ရှိနေသည့် ဦးသောင်းရွှေဘက်လှည့်ကာ ..
“ကဲ .. ကျုပ်ကတော့ ကြည့်ပြီးသွားပြီ .. ရာဇ၀တ်အုပ်ကြီး .. ဒီက ဆရာတွေ ပြီးရင်တော့ .. အလောင်းကို ရင်ခွဲရုံပို့လို့ ရပါပြီ.. “ ဟု ပြောကာ ခပ်လှမ်းလှမ်းက မှန်တင်ခုံသို့ လျှောက်သွားလေ၏။ ပြီးရင် မှန်တင်ခုံ ရှေ့တွင် ချထားသော ခုံတွင် ၀င်ထိုင်ကာ မှန်ကို အကျအနကြည့်လေ၏။ ဒီတစ်ခါတော့ ဦးကိုကိုကြီးသည် ကိုအောင်မြင့်တို့ အပြောကို မစောင့်တော့ပဲ ..
“ကိုမင်းမောင်ရယ် .. ဘယ်လိုဖြစ်လို့ ယောက်ျား စင်စစ်ကြီးကလဲ မှန်ကြည့်ဖို့ စိတ်ဝင်စား သွားရတာလဲ … အမှုအကြောင်းလေး ဘာလေးပြောပါဦးဗျ ...“ ဟု မေးလေရာ ကိုမင်းမောင်က ဦးကိုကိုကြီးဘက်လှည့်ကာ လက်ကာပြရင်း “ဖြေးဖြေးပေါ့ အိုင်ပီကြီးရယ် .. မရှိလို့ လုပ်စားကြတာပဲ .. မလောပါနဲ့ ..ဆောင်းတွင်းဘက်ဆိုမှတော့ ..အေးအေးဆေးဆေးပေါ့ … ကျုပ်တစ်ခု နှစ်ခုလောက် ထပ်ကြည့်ပြီးရင် ရပါပြီ“ ဆိုကာ အရွှန်းဖောက်ရင်း ပြောလေ၏။
ကျွန်ုပ်တို့လဲ ကိုမင်းမောင်၏ စကားတွင် ပြုံးမိကာ ကိုယ့်ဖာသာကိုယ် စဉ်းစားလဲဘာမှ ထူးလာမှာ မဟုတ်သည့်အတွက် သူရှင်းပြမည့် အချိန်ကိုသာ စောင့်မျှော်နေလေ၏။ ကျွန်ုပ်တို့တွင်သာ မဟုတ် မစ္စတာကရစ်ပင် ကိုယ်တိုင်လဲ ကျွန်ုပ်တို့နည်းတူ ကိုမင်းမောင်ဆီက အမှုနှင့် ပတ်သက်သည့် စကားသံထွက်လာမည့် အချိန်ကို စောင့်မျှော်နေသည်ကို ဂနာမငြိမ်သည့် ၎င်း၏ အမူအယာက သက်သေခံနေလေ၏။
ထိုအချိန်တွင်ပင် ကိုမင်းမောင်သည် မှန်တင်ခုံ အစွန်တွင် တင်ထားသည့် မီးအိမ်လေးကို ကောက်ဆွဲကာ အခန်းထဲရှိ ပြတင်းပေါက်နှစ်ခုအနက် လမ်းမဘက်နှင့် နီးသော ပြတင်းပေါက်သို့ လျှောက်သွားလေ၏။ ထို့နောက် ပြတင်းပေါက်ကို ဖွင့်ကာ လမ်းမဘက်သို့ ကြည့်၏။ တစ်ချက်နှစ်ချက်မျှ ခေါင်းတဆတ်ဆတ် ညိမ့်ပြီးနောက် မှန်အိမ်ကို မှန်တင်ခုံပေါ်တွင် ပြန်မတင်တော့ပဲ ကုတင်ခေါင်းရင်းဘက်နားတွင် ရှိသည့် သုံးထပ်စင်လေး ပေါ်သို့ တင်ထားလိုက်လေ၏။ ပြီးမှ ကျွန်ုပ်တို့ဘက်လှည့်ကာ …
“ကဲ .. အိုင်ပီ .. ကျုပ်တော့ ကြည့်တာ ပြီးသွားပြီ … ဒီအမှုက ထင်သလောက်တော့ မခက်ပေမယ့်.... တော်တော့်တော့ ကြိုးစားပြီး တရားခံကို ဖမ်းရမှာပဲ ..“ ဟု ပြောလေ၏။ တဆက်တည်းပင် ဦးသောင်းရွှေဘက်လှည့်ကာ ..“
“ရာဇ၀တ်အုပ်ကြီး .. ဒရ၀မ်ကုလားဆီက စစ်ချက် ယူထားသေးတယ်မှတ်လား ..သူ့နာမည်က ဘယ်သူလဲ “ ဟုမေးလေရာ ..
“ယူထားပါတယ် .. ကိုမင်းမောင်…ဒရ၀မ်နာမည်က ရာဂျူးပါ …နေတာကတော့ ဒီကဲဘဲ့ သံလမ်းဘေးနားက ကျူးကျော်လိုမျိုး ဖြစ်နေတဲ့ xxxx ရပ်ကွပ်လေးမှာပါပဲ .. စီအိုင်ဒီက လူတွေ မေးချင်ရင်တော့ ကျုပ် ပုလိပ်သား လွှတ်ပြီး ခေါ်ခိုင်းလိုက်ပါ့မယ် “ ဟု ဖြေလေ၏။ ကိုမင်းမောင်သည် ဦးသောင်းရွှေကို လက်ကာပြရင်း တဆက်တည်း ကျွန်ုပ်တို့ဘက်လှည့်ကာ ..
“အိုင်ပီ .. ကျုပ်တို့ ရာဂျူးဆီပဲ လိုက်သွားကျရအောင် .. သူပြောပြတာ နားထောင်ရတော့ ပိုကောင်းတာပေါ့ .. “ ဆိုကာ အဖော်ညှိလေ၏။ ကျွန်ုပ်လဲ ခေါင်းညိတ်ပြမိ၏။ တချိန်လုံး ဆားပုလင်းမင်းမောင်၏ အမူအရာကို အကဲခတ်နေသော မစ္စတာကရစ်ပင်သည် ဤတော့မှ ကျွန်ုပ်တို့လူစုဘက်လှည့်ကာ ..
“ဆားပုလင်းမင်းမောင် .. အမှုက ဘယ်လိုလဲ ..“ ဟု စိတ်ပူပန်သော အမူအယာနှင့် မေးလေ၏။ အခုထက်ထိ ဘာဆိုဘာမှ မပြောနိုင်သေးသော ကိုအောင်မြင့်တို့လူစုလဲ ဆားပုလင်းမင်းမောင် ပါးစပ်မှ ထွက်ကျလာမည့် စကားသံများကို မသိမသာ နားစွင့်နေကြလေ၏။ ကျွန်ုပ်လဲ ကိုအောင်မြင့်တို့ နည်းတူ သဲလွန်စရယ်လို့ မယ်မယ်ရရ မတွေ့ရသော အမှုအတွက် ကိုမင်းမောင် ရှင်းပြချက်ကို စောင့်မျှော်နားထောင်မိ၏။
“ဒီ အမှုတရားခံက အမျိုးသမီး တစ်ယောက်ပဲ … အရပ်အားဖြင့် ငါးပေငါးလောက် ရှိနိုင်တယ် .. အမျိုးသမီးဆိုပေမယ့် တိုက်ရည်ခိုက်ရည် ကျွမ်းကျင်လိမ့်မယ် .. နောက်ပြီး သူ့မှာ အကူပါလိမ့်မယ် …ဒါပေမယ့် ဒီလူကို သတ်သွားတာကတော့ သူတစ်ယောက်တည်းပဲ…ကျုပ်ထင်တာ မလွဲရင်တော့ ပြည့်တန်ဆာမလေး ဖြစ်ပြီး …နာမည်မှာ စံပယ်ဆိုတာ ပါလောက်တယ် .. အမှုကတော့ ရန်ညိုးရည်စကြောင့် သတ်တာပဲ …နောက်ပြီးတော့ .. သေနေတဲ့ လူနာမည် အရင်းကတော့ ဗလ ဖြစ်ပြီး ..ဒီလူဟာ မော်လမြိုင်ဘက်လိုမျိုးမှာ ခိုးဆိုး သောင်းကျန်းခဲ့တဲ့ လူဆိုး တစ်ယောက် ဖြစ်တယ် .. လောလောဆယ်တော့ ကျုပ် ဒီလောက်ပဲ ပြောနိုင်တယ် မစ္စတာကရစ်ပင် .. နောက်ထပ်အမှုတွေ ထပ်မဖြစ်အောင်တော့ ဘုရားသခင်မှာ ဆုတောင်းရမှာပဲ .. ဟု ကြည်လင်ပြတ်သားသော အသံနှင့် ပြောလေ၏။ ကျွန်ုပ်တို့လဲ ကိုမင်းမောင်၏ ရှင်းပြချက်တွင် “ဟာ“ ခနဲ ဖြစ်ရ၏။
ကိုမင်းမောင်သည် မစ္စတာကရစ်ပင်ကို ရှင်းပြပြီးနောက် ကျွန်ုပ်တို့ဘက်လှည့်ကာ ..
“လာဗျာ .. အိုင်ပီ .. ကျုပ်တို့ ရာဂျူးဆီ သွားကြရအောင် .. “ဆိုကာ ခေါ်လေ၏။ ကျွန်ုပ်တို့လဲ လမ်းရောက်မှပဲ အကြောင်းစုံကို မေးတော့မယ် ဆိုကာ ကိုမင်းမောင် နောက်ကနေ ထွက်လိုက်လာကြ၏။ အခန်းထဲတွင်တော့ မစ္စတာကရစ်ပင်နှင့် စုံထောက်တစ်စုသည် ဆားပုလင်းမင်းမောင်၏ စကားတွင် အံ့အားသင့်သည့် မျက်နှာနှင့်သာ ကျန်ခဲ့လေတော့၏။
ဒီတစ်ခါတော့ ဆားပုလင်းမင်းမောင်ကပင် မောင်းကာ ကျွန်ုပ်က ဘေးကနေ လိုက်လာခဲ့၏။ ကားစထွက်သည်နှင့် မနေနိုင်သည့် ဦးကိုကိုကြီးက ကားနောက်တွင်ထိုင်နေရာမှ ကိုယ်ကို ကိုင်းကာ …
“ဘယ်လိုလဲဗျ .. ကိုမင်းမောင် .. လူသတ်တရားခံကာ အမျိုးသမီးတဲ့လား ... ကျုပ်ဖြင့် ယုံတောင် မယုံနိုင်ဘူး .. နောက်ပြီးတော့ သေနေတဲ့ လူနာမည်က ဗလတဲ့လား … ရှင်းစမ်းပါဦးဗျာ… လောလောဆယ်တော့ .. ကျုပ်ခေါင်းထဲမှာ စာကလေးသိုက်ရယ် ..သပွတ်အူရယ် …ကျုပ်ရုံးခန်းလို အားလုံး ရှုပ်ထွေးနေတာပဲဗျာ .. “ ဟု ကိုမင်းမောင်ကို အပူကပ်လေ၏။ ကျွန်ုပ်လဲ ဦးကိုကိုကြီး၏ စကားတွင် ပြုံးကာ ဆားပုလင်းမင်းမောင်ကို ကြည့်မိ၏။
ကိုမင်းမောင်သည် ဦးကိုကိုကြီး၏ အမေးကို ချက်ချင်း မဖြေသေးပဲ ကားကို လမ်းမကြီး ဘက်သို့ ဦးတည်ကာ မောင်း၏။ လမ်းမပေါ်ရောက်မှ …
“ဒါကတော့ .. ဒီလိုဗျ .. ဦးကိုကိုကြီးရ …သေဆုံးသူက အ၀တ်အစားဘာဆို ဘာမှ မရှိပဲနဲ့ သေနေတယ်ဆိုကတည်းက .. အချက်က နှစ်ခုပဲ ဖြစ်နိုင်တယ်လေ .. နံပတ်တစ်က သူက အ၀တ်အစားတွေ အကုန်ချွတ်ပြီး အိပ်လေ့ရှိတာလား .. ဒါဆိုရင်တော့ .. အနည်းဆုံးတော့ စောင်ထူထူ ရှိရမယ် မှတ်လား .. အခုအချိန်က ဆောင်းတွင်းဖက်ကြီးလေ .. ဒါတော့ သိပ်မဖြစ်နိုင်ဘူး .. ဒီတော့ နံပါတ်နှစ်အချက်က သူက ရည်ရွယ်ချက်တစ်ခုကြောင့် အ၀တ်တွေကို ချွတ်ထားတာ ဖြစ်ရမယ်လေ .. ဒီတော့ မအိပ်ခင် အ၀တ်တွေ ချွတ်တယ်ဆိုကတည်းက ဘာဖြစ်နိုင်မလဲ “ ဟု ကိုမင်းမောင်က စကားကို ခဏရပ်ကာ ထားလေ၏ ။ ဦးကိုကိုကြီးလဲ တွေးတွေးဆဆနှင့် ..
“ကာမဆက်ဆံဖို့ပဲ ဖြစ်မယ်ထင်တယ် .. ကိုမင်းမောင် .. ဟုတ်တယ်ဟုတ် ..“ ဟု ပြောလေ၏။ ကိုမင်းမောင်လဲ ခေါင်းဆတ်ပြလေ၏။
“ဟုတ်တယ် .. ဒီတော့ .. ကာမဆက်ဆံဖို့ ဆိုကတည်းက ..သတ်တဲ့လူက အမျိုးသမီးလို့ စဉ်းစားတာက သဘာဝ ကျမယ်လေ .. ဒီတော့ ကျုပ်က သေချာအောင် .. သူ့လီးတန်ကြီးကို ကိုင်ကြည့်တာဗျ .. လူသတ်သမားက သေသေချာချာ ခြေရာလက်ရာ ပျောက်အောင် လုပ်သွားပေမယ့် .. ကျုပ်က အသိနဲ့တင် ဒီလူက ကာမဆက်ဆံရင်းနဲ့ သေသွားတယ်ဆိုတာ သိနေတယ် .. သူ့ဂွေးဥတွေထဲမှာ လရည်တွေက အပြည့်နဲ့ဗျ “ ဟု ကိုမင်းမောင်က ပြောလေ၏။ ကျွန်ုပ်လဲ ဒီတော့မှ ကိုမင်းမောင်က ဘာဖြစ်လို့ လူသေအလောင်း၏ ယောက်ျားအင်္ဂါကို ကိုင်ကြည့်ရတာလဲဆိုတာကို သဘောပေါက်မိလေ၏။
“ဒါနဲ့ ဆက်စမ်းပါဦးဗျ .. ကျန်တဲ့ အချက်တွေကို..ဘယ်လိုဖြစ်လို့ အမျိုးသမီး အရပ်က ငါးပေးငါးလောက်ဆိုတာ သိရတာလဲ .. ဟို့လူ ဂွေးဥ ကိုင်ကြည့်လို့တော့ မဟုတ်ဘူးဟုတ် “ ဟု ကျွန်ုပ်က ကိုမင်းမောင်ကို ဆက်မေးရာ ..
“ဒါကတော့ ဒီလိုဗျ .. လူသတ်သမားက ကာမဆက်ဆံနေစဉ်မှာ သေနေသူရဲ့ လည်စေ့ကို လက်ဝါးစောင်းနဲ့ ဖြတ်ရိုက်လိုက်တာဗျ .. အင်မတန်မှ သွေးအေးပြီး စိတ်ရှည်ရှည်ထားနိုင်တဲ့ အမျိုးသမီးဗျ .. လက်ရဖမ်းဖို့ ..လွယ်တော့ မလွယ်ဘူး .. ပြီးတော့ သူက ခြေရာလက်ရာတွေ သေချာ ဖျောက်သေးတာ …. နောက်ပြီးတော့… ချက်ချင်းကြီး ပြန်ဆင်းသွားရင် ဒရ၀မ်ကုလားက သံသယ ဖြစ်မှာစိုးလို့ထင်တယ် .. မှန်တင်ခုံမှာ ထိုင်ပြီး အလှပြင်သေးတာ … ဘာကြောင့်သိတာလဲ ဆိုတော့ မှန်တင်ခုံက မှန်ကို သူကြည့်ရလွယ်အောင် သူ့အရပ်နဲ့ ကိုက်ပြီး ပြန်ချိန်ထားတာကိုတွေ့တယ်ဗျ .. မှန်ရဲ့ အောက်ခြေမှာ လက်နဲ့ ကိုင်ထားတဲ့ အရာလေးတွေ ရှိတယ် .. လက်ဗွေရာတော့ မရှိဘူး… ဖြစ်နိုင်တာ လက်အိပ်ဝတ်လာတာ ထင်တယ် … မှန်ကြည့်တယ်ဆိုရင် ပုံမှန်က မျက်နှာနဲ့ တတန်းတည်း အနေအထားကို ကြည့်ကြတာ မှတ်လား အဲဒါကြောင့် ကျုပ်က အမျိုးသမီး အရပ်က ငါးပေငါးလောက် ရှိမယ်လို့ ပြောတာ …နောက်ပြီးတော့ …မှန်တင်ခုံပေါ်မှာ မျက်နှာချေ မှုန့်လေးတွေ အနည်းငယ်ကျန်နေခဲ့တယ်ဗျ .. အဲဒါက သေချာအသေးစိတ်ကြည့်မှ မြင်ရတာ ဗျ ..“
ကျွန်ုပ်တို့လဲ ကိုမင်းမောင် ရှင်းပြမှ ခုနကတုန်းက ဘာကြောင့် ကိုမင်းမောင်တစ်ယောက် မှန်ကို အသေအချာကြည့်နေတာလဲဆိုတာကို သဘောပေါက်မိ၏။ ကိုမင်းမောင်ကပင် ဆက်၍ ..
“နာမည်မှာ စံပယ်ပါတယ် ဆိုတာတော့ အိုင်ပီတို့ ရိပ်မိမှာပါ .. စံပယ်ပွင့်တွေ ချသွားတာကလဲ အကြောင်းတစုံတရာ မရှိပဲနဲတော့ .. အလကား ချသွားမှာ မဟုတ်ဘူး …မိန်းကလေးတစ်ယောက်က ယောက်ျားကြီးတစ်ယောက်ကို စွန့်စွန့်စားစား လာသတ်တယ်ဆိုကတည်းက… ရန်ညိုးကြောင့် သတ်တာ ဖြစ်မယ်လို့ ကောက်ချက်ချတာ ..“ ဟု ရှင်းပြလေ၏။ ဒီတော့မှ ဦးကိုကိုကြီးက …
“ကိုမင်းမောင် ရှင်းပြလိုက်တော့လဲ အလွယ်လေးပဲဗျ .. ကျုပ်သာဆိုရင် စာကလေးသိုက်ရယ် …သပွတ်အူရယ် .. ကျုပ်ရုံးခန်းရယ်နဲ့ တိုင်ပတ်နေမှာ …“ ဟု ဗိုက်ကြီးကိုပွတ်၍ ပြောလေ၏။ ထိုအချိန်တွင်ပင် ကျွန်ုပ်တို့သည် ကဲဘဲ့သံလမ်းဘေးနားသို့ ရောက်လာသဖြင့် ကိုမင်းမောင်သည် ကားကလေးကို လမ်းကျဉ်းလေးတစ်ခု၏ ဘေးတွင် ထိုးကာ ရပ်လိုက်၏။ ကားစက်သတ်လိုက်ပြီး ..
“ကဲ .. အိုင်ပီ ဒီကနေပဲ လမ်းဆင်းလျှောက်သွားရအောင်ဗျာ .. ဒီရပ်ကွက်က လမ်းတွေက ကျဉ်းတော့ တော်ကြာနေ ကားပြန်ထွက်ရမှာ ခက်နေမယ်“ ဟု ဆိုလေ၏။ ကျွန်ုပ်တို့လဲ ကိုမင်းမောင် ပြောသည့်အတိုင်းပဲ ကားအောက်ဆင်းကြလေ၏။ ထို့နောက် လမ်းကျဉ်လေးတလျှောက် လျှောက်လာကြရင်း ကျွန်ုပ်ကပင် ဆက်၍ …
“မေးစရာတော့ သိပ်တော့များများ စားစား မကျန်တော့ပါဘူး ကိုမင်းမောင်ရယ် .. အမျိုးသမီးက ပြည့်တန်ဆာမလေး ဖြစ်နိုင်တယ် ဆိုတာရယ် .. သေတဲ့လူနာမည်က ဗလဆိုတာရယ်လောက်ပဲ ကျန်တော့တယ် .. အဲဒါလေး လင်းစင်းပါဦးဗျ “ ဟု နောက်ဆုံးလက်ကျန် မရှင်းသည့် အချက်ကို မေးရလေ၏။ ကိုမင်းမောင်က
“ဒါကတော့ ဒီလိုဗျ .. အဓိက အချက်က ကုတင်ခေါင်းရင်းမှာ ချိတ်ထားတဲ့ အိတ်ထဲက တွေ့တဲ့ စက္ကူချပ်လေးကြောင့်ပဲဗျ ..အိုင်ပီ မှတ်မိတယ် မှတ်လား“ ဟု ဆိုလေရာ ကျွန်ုပ်က ..
“မှတ်မိတယ်ဗျ .. နံပါတ် ၁၅ဆိုပြီး ရေးထားတာ မှတ်လား .. ဒါနဲ့ အဲဒါက ပြည့်တန်ဆာမလေး ဖြစ်ရာမှာနဲ့ ..ဘာဆိုင်လို့လဲဗျ “ ဟု တဆက်တည်းမေးလိုက်သည်။ ဤအခါတွင် အတူပါလာသည့် ဦးကိုကိုကြီးက ကိုမင်းမောင် မဖြေခင်ပင် ကျွန်ုပ် ပုခုံးကို လက်ဝါးနှင့် ပုတ်ကာ ..
“ကျုပ်သိတယ်ဗျ .. ဦးအောင်သိန်း .. ဒါတော့ ခင်ဗျား ညံ့သွားပြီ … အခုနောက်ပိုင်း တရုတ်တန်းဘက်က ဇိမ်ခန်းတွေမှာ ကောင်မလေးတွေကို ခါးမှာ နံပါတ်ပြားလေးတွေ ချိတ်ထားတယ်ဗျ .. အဲဒါ ကိုယ်ပျော်ပါးချင်တဲ့ ကောင်မလေးကို နံပါတ်ပြောပြီး ရွေးရတာဗျ … ကြည့်ရတာ ဒီစက္ကူကတ်က အဲဒီလိုမျိုး ဇိမ်ခန်းတစ်ခုက ဖြစ်မယ် ထင်တယ် … ဟုတ်တယ် မဟုတ်လား ကိုမင်းမောင်..“ ဟု သူ့ထင်မြင်ချက်ကို ပြောရင်း ကိုမင်းမောင်ကိုပါ ပြောလေ၏။ ကိုမင်းမောင်လဲ ခေါင်းညိမ့်ပြရင်း ..
“ဒီတစ်ခါ အိုင်ပီတော့ ဦးကိုကိုကြီးကို နောက်ကောက်ကျသွားပြီဗျ .. မိန်းမ..မသိအောင် ခိုးခိုးပြီးသွားထားတာလေးတွေက အသုံးဝင်နေပြီဗျ …ဟား ဟား “ ဟု သဘောကျစွာ ရယ်ရင်း ပြောလေ၏။
“အိုင်ပီမေးတဲ့ နောက်ဆုံးအချက်ကတော့ ကျုပ်က အောက်ထပ်က မှန်ဗီဒိုထဲက စာအုပ်တွေကို မနေနိုင် မထိုင်နိုင် ဆွဲပြီး ဖတ်မိလို့ သိတာပဲလို့ ပြောရမယ်ဗျ .. စာအုပ်တွေရဲ့ အရှေ့ဘက် မျက်နှာဖုံး အတွင်း စာမျက်နှာမှာ ”ဗလ” ဆိုပြီး နာမည်ရေးထားတော့ အိမ်ရှင်နာမည်အရင်းက ဗလ ဖြစ်မှာပဲလို့ တွေးမိတာဗျ .. နောက်ပြီး အပေါ်ထပ် တက်လာတော့ လက်နက်တွေကို ပြတိုက်လိုမျိုး သိမ်းထဲကတည်းကိုက .. ဒီလူဟာ တိုက်ရည်ခိုက်ရည် ကျွမ်းမည့်လူဆိုတာ သိတာပေါ့ဗျာ .. မော်လမြိုင်လိုဘက်မှာ နေဖူးတယ် ဆိုတာကတော့ သူ့ကိုယ့်မှာ ထိုးထားတဲ့ဆေးမှင်ကြောင်တွေထဲမှာ မွန်စာတွေ ပါတယ်ဗျ .. နောက်ပြီးတော့ ..လက်မောင်းမှာ ထိုးထားတဲ့ အင်းကွက်တစ်ခုက …အဖမ်းအဆီး အချုပ်အနှောင်က လွတ်အောင် ဆိုပြီး ထိုးထားတာဗျ .. ဒါမျိုး အင်းကွက်ထိုးမှတော့ ခိုးဆိုးလုယက်ဖူးတယ်လို့ တွေးမိတာပေါ့ … ဒါပါပဲဗျာ ..“ ဟု ပြောလေ၏။
ကျွန်ုပ်လဲ ဤတော့မှ အကြောင်းစုံကို သဘောပေါက်မိလေ၏။ ဆားပုလင်းမင်းမောင်၏ အကွက်ကျကျ စဉ်းစားနိုင်သည့် ဥာဏ်ကိုတော့ အံသြပြီးရင်း အံ့သြရလေတော့၏။
---------------------
No comments:
Post a Comment